[email protected]  (84) (24) 3845 3369, 3823 2056

(၁၇-၃-၂၀၂၅ ရက်၊ နေပြည်တော်)

၂၀၂၅ ခုနှစ်၊ မတ်လ ၁၇ ရက်တွင် ကျရောက်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ၁၇-၃-၂၀၂၄ ရက် (ယနေ့)၊ ၁၇၃၀ နာရီတွင် ဝန်ကြီးဌာန၊ မျက်နှာစာ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ အဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဝန်ကြီး၊ ဒုတိယဝန်ကြီး၊ သံအမတ်ကြီးများနှင့် အငြိမ်းစား အရာထမ်းအမှုထမ်းများ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးလွင်ဦးနှင့် ဦးကိုကိုကျော်၊ အမြဲတမ်းအတွင်းဝန်၊ သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အမှာစကားပြောကြားရာတွင် “ယနေ့ကျင်းပသည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ဝန်ကြီးဌာန တည်ထောင်ဖွဲ့စည်းခဲ့သည့် ရည်မှန်းချက်၊ မျှော်မှန်းချက်များကို အမှတ်ရစေရန်နှင့် ခိုင်မာကောင်းမွန်ခဲ့သည့် ဝန်ကြီးဌာန၏ သမိုင်းကြောင်းနှင့် အစဉ်အလာကောင်းများကို ပြန်ပြောင်း အမှတ်ရစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဖွဲ့စည်းထူထောင် သည့်ကာလ (၇၈)နှစ်ရှိပြီဖြစ်သော်လည်း မြန်မာတို့သည် သံခင်းတမန်ခင်းကို နိုင်ငံ၏ အကျိုး စီးပွားကာကွယ်စောင့်ရှောက်ရန် ရှေးမြန်မာဘုရင်များ လက်ထက်ကတည်းကပင် ကျင့်သုံးခဲ့ကြခြင်း ဖြစ်ကြောင်း၊ လွတ်လပ်ရေးရရှိချိန်မှစ၍ နိုင်ငံ့တာဝန်ကိုယူခဲ့သည့် အစိုးရအဆက်ဆက်သည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးခဲ့ကြောင်း၊ အမည်နာမ များ မည်သို့ပင်ပြောင်းလဲစေကာမူ လွတ်လပ်မှုနှင့် ဘက်မလိုက်မှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်မှု ဆိုသည့် သဘောတရားများသည် မြန်မာ့နိုင်ငံခြားရေးမူဝါဒ၏ အနှစ်သာရများအဖြစ် ဂုဏ်ယူဖွယ်တွေ့မြင်ရမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက “မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေးရပြီးချိန်ကစတင်၍ နိုင်ငံတကာဆက်ဆံရေးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ ကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အခြားဒေသတွင်း အဖွဲ့အစည်းများတွင်လည်း တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရင်း ဂုဏ်သိက္ခာရှိသည့် ကမ္ဘာ့မိသားစုဝင် နိုင်ငံတစ်နိုင်ငံအဖြစ် တာဝန် ကျေပွန်စွာ ထည်ထည်ဝါဝါ ရပ်တည်ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဓိက တာဝန်သည် နိုင်ငံတော်က ချမှတ်ထားသော နိုင်ငံခြားရေးမူဝါဒနှင့်အညီ နိုင်ငံတော်နှင့် ပြည်သူတို့ ၏ အကျိုးစီးပွားကို သံခင်းတမန်ခင်းနည်းလမ်းနှင့် ကာကွယ်မြှင့်တင်ပေးရန်ဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် နိုင်ငံတော်က ချမှတ်ထားသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် များကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရန် တတ်စွမ်းသမျှ ပံ့ပိုးကူညီပေးရန်လည်း ဖြစ်ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အစိုးရ၏ လုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရန် ကျရာအခန်းကဏ္ဍမှ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက် သွားရန်လိုကြောင်း၊ ကျရာတာဝန်ကို ထိရောက်အောင်မြင်စွာ ထမ်းဆောင်နိုင်ရန် နိုင်ငံခြားရေး ဝန်ထမ်းတစ်ဉီးချင်း၊ တစ်ယောက်ချင်းစီ၏ လုပ်ရည်ကိုင်ရည်နှင့် စွမ်းဆောင်ရည်သည် အခရာ ကျကြောင်း၊ ထို့ကြောင့် ဝန်ထမ်းတစ်ဉီးချင်းစီ၏ ကိုယ်ရည်ကိုယ်သွေး မြင့်မားတိုးတက်စေရန်နှင့် အမြဲတမ်း အဆင့်သင့်ဖြစ်နေစေရန် စဉ်ဆက်မပြတ်လေ့လာဆည်းပူး၊ ပြုစုပျိုးထောင်သွားရန် လိုအပ်ကြောင်း” ပြောကြားခဲ့ပါသည်။

ထို့အပြင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်တွင်း၊ ပြည်ပ၌ တာဝန်ထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံခြားရေးဝန်ထမ်း (သံတမန်)များ စောင့်ထိန်းလိုက်နာသင့်သည့် ကျင့်ဝတ်၊ ထားရှိသင့်သည့်စိတ်ထားများနှင့်ပတ်သက်၍ ထည့်သွင်း ပြောကြားခဲ့သည့်အပြင် နိုင်ငံတော်နှင့် မိခင်ဝန်ကြီးဌာန၏ မူဝါဒများကို ကောင်းစွာသိရှိလိုက်နာ ကြရန်၊ ဒေသတွင်းနှင့် နိုင်ငံတကာအခြေအနေများကို မျက်ခြေမပြတ် စောင့်ကြည့်လေ့လာကြရန် မှာကြားတိုက်တွန်းခဲ့ပါသည်။

ထို့နောက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်၊ အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်တို့၌ ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ဝန်ထမ်းများနှင့် ၂၀၂၄ ခုနှစ်၊ ဝန်ကြီးဌာနတွင်း ကျင်းပခဲ့သည့် ဒီဇင်ဘာလအားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား အသီးသီး ဆုများချီးမြှင့်ခြင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ကို ဂုဏ်ပြုသည့်အနေဖြင့် ဝန်ထမ်းများအတွက် အထူးဆု (၁၀)ဆုနှင့် ဆုမဲကြီး (၆၈)ဆု အပါအဝင် ဗလာမပါ ကံစမ်းမဲများ မဲဖောက်ခြင်းတို့ဖြင့် အခမ်းအနားကို စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ တက်ရောက်လာကြသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် အကြီးအကဲများက ဝန်ထမ်းများနှင့် အတူတကွ ညစာသုံးဆောင်ခဲ့ကြပြီး ညစာသုံးဆောင်နေစဉ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမျိုးသမီးငယ်များက ယိမ်းအကဖြင့် ကပြဖျော်ဖြေခြင်း၊ ဝါသနာရှင်ဝန်ထမ်းများက တေးသံသာများဖြင့် သီဆိုဖျော်ဖြေ ခဲ့ကြပြီးနောက် အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

20250429 20

20250429 20

20250429 20

20250429 20

20250429 20

20250429 20

20250429 20

20250429 20

20250429 20

20250429 20

Holidays For Months

08 February 2024
(Lunar New Year Day)


09 February 2024
(Lunar New Year Day)


12 February 2024
(Lunar New Year Day)


13 February 2024
(Lunar New Year Day)


14 February 2024
(Lunar New Year Day)